၁။ ၂၀၀၆ဇန်န၀ါရီလ(၂၂)ရက်နေ့မှာ ဂုဏ်ထူး ဆောင်နက္ခတ်ဗေဒင်နဲ့
ဆိုင်တဲ့ ဂုဏ်ထူးဆောင် ဒေါတ်တာဘွဲ့ရရှိတဲ့အခါမှာ ကိုယ့်ရှေ့ကလူ၊ ကိုယ်နဲ့ ရွယ်တူ၊ ကိုယ့်နောက်
ကလူငယ်တွေ အားလုံးကို ဗေဒင်ပညာနဲ့ ပတ်သက်တဲ့ဘွဲ့တွေ၊ ဒီဂရီတွေအသီး သီးရစေချင်ပါတယ်။
ဘယ်မှာပဲ သင်တန်း တက်ခဲ့ တက်ခဲ့ကနေ့ လက်ရှိမှာတော့ သင်တန်း အသီးသီးမှာ သင်ခွင့်ရှိမယ်၊
သင်လို့ရမယ်၊ ဒါပေမယ့်သူအဲသ လောက် သင်ထားပြီးပါပြီ ဆိုတဲ့ အသိအမှတ်ပြု ဘွဲ့တွေပေးခြင်း
မရှိသေးပါဘူး။ သင်တန်းဆင်းတဲ့ အသိ အမှတ်ပြုလွှာပဲ ပေးနိုင်ခဲ့ပါတယ်။ ဘာပြီးရင် ဘယ်အဆင့်၊
အဲဒါပြီးရင် ဘယ်အဆင့်ဆိုပြီး ပြောနေကြတာပဲဖြစ်ပြီး နိုင်ငံတကာက အသိ အမှတ်ပြုတာမဟုတ်ပါဘူး။
အဲဒီဟာတွေမြင်ရ တဲ့အခါမှာ ကိုယ့်မြန်မာပြည်က ဗေဒင်ပညာ အဆင့် အတန်း အထက်မရောက် အောက်မရောက်ကန့်လန့်
ဖြစ်နေတာလဲတွေ့ခဲ့ရပါတယ်။ ဒါကြောင့်စိတ်မချမ်းသာနဲ့ စိတ်ဓာတ် ကျခဲ့တာကြာပါပြီ။
၂။
အိန္ဒိယရောက်တော့ဗေဒင်ပညာနဲ့ပတ်သက်တဲ့ ကျောင်း၊ တက္ကသိုလ၊်သင်တန်း၊ ဟောပြောမှု အားလုံးကို
လေ့လာတဲ့အခါမှာ တစ်ချို့သင်တန်း တွေဟာ ကိုယ့်ရဲ့နိုင်ငံက ပို့ချတဲ့ သင်တန်းလောက် တောင်မှ
အဆင့်မရှိတာကို တွေ့ရပါတယ်။ တစ်ချို့ကျပြန်တော့လဲ ဟိန္ဒူဘာသာ၊ တမီလ်ဘာသာ၊ ဒေသိ ယဘာသာစကားတွေနဲ့
ပို့ချတော့ စာဖက်သူ များနားမလည်နိုင်ကြပါ။ နောက်ဆုံးအဆင့် အတန်း လည်းရှိရမယ်။ နားလည်း နားလည်နိုင်ရမယ်၊ ကိုယ့်ဘာသာ ကိုယ်လည်း လေ့လာနိုင်ရမယ်ဆိုတဲ့ ကျောင်းဟာအိန္ဒိယနိုင်ငံ၊
အနောက် ဘင်ဂေါလ် ပြည်နယ်မှ တက္ကသိုလ်လက်အောက်ရှိ နက္ခတ်ဗေဒင် သုတေသနစီမံချက်ဌာနဟာ လောလောဆယ် တော်တော်ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။
စနစ်ကျတာတွေ့ရပါတယ်။
၃။ အခြေခံ ဗေဒင်ပညာ သင်ယူပြီးပေးအပ် ထားတဲ့သင်တန်းမူ
ဖြေဆိုအောင်မြင်ခဲ့ရင် Diploma
(Astrology) လက်မှတ်ရပါတယ်။ ဒီပလိုမာ သင်တန်း မှာ တစ်နှစ်သင်တန်းဖြစ်ပါတယ်။
ဒုတိယနှစ်မှာတော့ ဗေဒင်ပညာသင်ယူပြီး၊ ပေးအပ်ထားတဲ့သင်တန်းမူ
ဖြေဆိုအောင်မြင်ခဲ့ပါက B.A ( Astrology ) ၀ိဇ္ဖာဘွဲ့လက်မှတ်ရရှိပါတယ်။ တတိယနှစ်မှာ M.A ( Astrology ) မဟာဝိဇ္ဖာဘွဲ့လက်မှတ်ရရှိမှာဖြစ်ပြီး
စတုတ္ထနှစ်မှာ တော့ M.Phil(Astrology) မဟာသုတေသနဘွဲ့ လက်မှတ်ကို ရရှိပါတယ်။
ပဉ္စမနှစ်နဲ့ဆဌမနှစ်မှာ ကြိုးစားခဲ့ရင် နက္ခတ်
ဗေဒင်ပညာပါရဂူ Ph.D ကို ရရှိမှာဖြစ်ပါတယ်။
၎။ ကိုယ့်ကိုပေးတဲ့ ဘွဲ့တွေ၊ ဆုတံဆိပ်တွေ၊ မဂဇင်းမှာသော်လည်းကောင်း၊
သတင်းစာမှာသော် လည်းကောင်း၊ နှစ်ပတ်လည် စာစောင်များမှာ လည်းကောင်း ဖော်ပြတက်ပါတယ်။
၂၀၁၂ခုနှစ်ဟာ (၃၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်
ဖြစ်ပါတယ်။ ၀န်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ အရာရှိကြီး များကိုယ်တိုင်လာရောက်စည်းဝေးဆွေးနွေးတိုင်ပင်ပြီးမှ
ဘွဲ့တံဆိပ်တွေကို အပ်နှင်းတာဖြစ်ပါတယ်။
ဒီအတိုင်း
ရော့ - ယူ - ပြန် ဆိုတဲ့ ဘွဲ့မျိုးမဟုတ်ပါဘူး။ ဘယ်တက္ကသိုလ်မဆို စာပေသင်ကြားလို့ရ တဲ့
ပါရဂူဘွဲ့ရှိသလို၊ မောင်ရွှေလေးလို တောင်းလို့ရတဲ့ ပါရဂူဘွဲ့တွေလည်းရှိပါတယ်။ ကျောင်းရံပုံငွေအတွက်
လှူဒါန်းတဲ့သူကို ဂုဏ်ပြုတဲ့ လက်မှတ်ပဲဖြစ်ပါတယ်။ အပြင်မှာတော့ ဘာမှသုံးလို့မရပါ။
၅။ စာသင်လို့ ရတဲ့ဘွဲ့ကတော့ ကိုယ့်အရည် အချင်းကို မှတ်ကျောက်တင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် တကူးတကအိန္ဒိယသွားပြီး၊
စာရင်းသွင်း ကျောင်းသားတွေကို စာသင်ခွင့်ပေး၊ စာမေးပွဲဖြေ အောင်လက်မှတ်များကို အိန္ဒိယသွားပြီးယူပေးခဲ့တာပါ။
၆။ ကိုယ့်တိုင်းပြည်က ကျောင်းသားတစ်ယောက် ဟာ သူသင်ထားတဲ့အပေါ်အခြေခံပြီး
သတ်မှတ် ထားတဲ့ ဘွဲ့ရစေချင်လို့စီစဉ်ပေးခဲ့တာ။
ရတဲ့ဘွဲ့ရဲ့ အဆင့်အတန်းကိုလည်းသိမှီစေချင်လို့လုပ်ပေးတာဖြစ်ပါတယ်။
၇။ ဒီကျောင်းဟာနိုင်ငံတကာနက္ခတ်ဗေဒင်ဆိုင်ရာ တက္ကသိုလ်
ဖြစ်ပါတယ်။ သက္ကသိုလ်နာမည် ကတော့ "၀ိသွ ဇောတိသ ၀ိဂျာပစ်" ( VISWA JYOTISH
VIDYAPITH )လို့ ခေါ်ပါတယ်။ ဒီကျောင်းကို အိန္ဒိယနိုင်ငံအစိုးရနှင့် အနောက်ဘင်ဂေါပြည်နယ်
တက္ကသိုလ်တွေမှာ တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။
ဒီကျောင်းရဲ့လိပ်စာကတော့ No.8၊
Ashutosh lane, Kolkata – 700-005.
E-mail : rk. sastri @ vsnl.net; rk-sastri
@ satyam. net
Website
: WWW. astrologicaleducation.com.
ဒီကျောင်းကို ၁၉၅၅ခုနှစ်က ဖွင့်ခဲ့တာဖြစ်
ပါတယ်။ ကျောင်းရဲ့ ကျောင်းခွဲတွေဟာ အိန္ဒိယ နိုင်ငံအပြင် နိုင်ငံရပ်ခြားမှာလည်း ဖွင့်ထားပါတယ်။
ကနေဒါ၊ နီပေါ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့်အတူ အိန္ဒိယနိုင်ငံမှာလည်း
အာသံပြည်နယ်၊ ဒေလီ၊ ကျန်တိက၊ အာဆမ်ဆို၊ ဘင်ဂေါ၊
မြောက်ဘင်ဂေါ၊ ဘန်ကူလာ၊ တြိပူရမှာ ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။
ဒီကျောင်းကို ဆရာကြီးပါမောက္ခဒေါက်တာ"ရာမကရစ်သျှနား" ဦးဆောင်တဲ့ဆရာများ
အဖွဲ့က အုပ်ချုပ်လုပ်ပေးနေကြပါတယ်။ နှစ်စဉ်ဖေဖော်ဝါရီလ ထဲမှာ စာမေးပွဲဖြေဆို အောင်မြင်ကြသော
ကျောင်းသား/ကျောင်းသူများကို အောင်လက်မှတ် ချီးမြင့်ခြင်း၊ ဂုဏ်ပြုသင့်သော ပုဂ္ဂိုလ်များကို
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့အပ်နှင်းခြင်းစာတမ်းပေါင်း (၂၇)စောင်ကို သုတေသနပြုလုပ် ဖတ်ကြား
တင်သွင်း ခဲ့ပါတယ်။
ဒီကျောင်းရဲ့ အတိုကောက် စာလုံးကတော့
A.R.P. ဖြစ်ပါတယ်။ ကျောင်းကဖွဲ့ထားတဲ့အသင်း ကတော့ ASTROLOGICAL RESEARCH PROJECT ဖြစ်ပါတယ်။
အဲဒါကိုအတိုကောက် A.R.P.လို့ ခေါ်တာပါ။
၈။ ဒီကျောင်းကို တက်ရောက်သင်ကြားလိုသော ကျောင်းသူ/
ကျောင်းသားများ ကျောင်းမှအခမဲ့ ပေးသောကျောင်းဝင်ခွင့်လျှောက်လွှာကို လိုင်စင် ဓာတ်ပုံ(၄)ပုံနှင့်
ကျောင်းသို့ပေးပို့ပါက ကျောင်းဝင် မှတ်ပုံတင်ပြီး၊ သင့်လျှောက်ပတ်သောငွေကြေးများဖြင့်
ပေးသွင်းလိုက်ပါက၊ ကျောင်းမှနှစ်စဉ်ပို့ချသော နက္ခတ်ဗေဒင်ဆိုင်ရာသင်တန်းမှတ်စုများကို
ပြန်လည် ပေးပို့ပါတယ်။ အဲဒီမှတ်စုတွေကို ဖတ်မှတ်လေ့လာပြီး ပေးထားသောမေးခွန်းများကို
ဖဖြဆိုကာအောင်မြင် လျှင် သူ့အဆင့်နှင့်သူ၊ ဆိုင်ရာဆိုင်ရာ ဘွဲ့များကို ပေးလေ့ရှိပါတယ်။
၁၀။ ဒီကျောင်းမှာ စနစ်တကျစာဖတ်၊စာမေးပွဲဖြေ၊ အောင်မြင်သွားချင်ရင်တော့
ကိုယ်တိုင် ကိုယ်ကျကျိုးစားရမှာဖြစ်ပါတယ်။ ပညာသင်ကြားမှုအဆင့်(5) ဆင့်ရှိပါတယ်။
(က) ဒီပလိုမာ (အခြေခံနက္ခတ်ဗေဒင်သင်တန်း)
(၁)
အခြေခံနက္ခတ္တဗေဒ
(၂)
ဂဏိတ နက္ခတ္တဗေဒ
(၃)
လက္ခဏာပညာ
(၄)
သိဒန္တ ဇောတိသ (အဟော)
(၅)
အခြေခံနက္ခတ်ဗေဒင်ပညာ
(၆)
နှုတ်မေးစာမေးပွဲ ဖြေဆိုခြင်း
(ဘာသာရပ်တစ်ခုလျှင် အမှတ်-၁၀၀
စီပေးထား ပါတယ်။ ၆-ဘာသာအတွက် ၆၀၀ ပေးပါတယ်။) အိန္ဒိယနိုင်ငံကို မသွားနိုင်တဲ့
ကျောင်းသားကျောင်းသူ များအတွက် နှုတ်မေးမေးခွန်းကို မမေးတော့ပါ။
(ခ)
0dZÆmbGJU
(၁)
ယောဂဇောတိသ (ယုဂ်-အဟောများ)
(၂)
ဟူးရားဗေဒင်
(၃)
အဆင့်မြင့်လက္ခဏာပညာ
(၄)
နက္ခတ်ဗေဒင်ဟောပြောခြင်း
(၅)
ယတြာသျှ န္တီ နည်းပညာ
(၆)
နှုတ်မေးစာမေးပွဲဖြေဆိုခြင်း
(ဘာသာရပ်တစ်ခုလျှင် အမှတ် ၂၀၀ စီ
ပေးထားပါတယ်။ စုစုပေါင်း အမှတ် ၁၀၀၀ ဖိုးဖြေဆိုနိုင်ရမှာ ဖြစ်ပါတယ်။)
(ဂ)
မဟာဝိဇ္ဖာဘွဲ့
(၁)
ဆေးပညာ
(၂)
သိဒန္တဗေဒင်ပညာ
(၃)
ဟူးရားဗေဒင်
(၄)
အဆင်မြင့် လက္ခဏာပညာ
(၅)
နက္ခတ်ဗေဒင်အဟောပညာ
(၆)
လက်တွေ့ဆုံးဖြတ်ခြင်းနည်းပညာ
(၇)
သျှတ္တရဗေဒင်ပညာ
(၈)
နှုတ်မေးစာမေးပွဲဖြေဆိုခြင်း
(ဘာသာရပ်တစ်ခုလျှင် အမှတ် ၂၀၀ ဖြစ်ပြီး၊
စုစုပေါင်း အမှတ် တစ်ထောင်ဖိုး ဖြေဆိုနိုင်ဖို့ လိုပါတယ်။)
(ဃ)
မဟာဒသနဘွဲ့
(၁) ရှာဖွေတွေ့ရှိထားသော
အတွေးအသစ်များကို အတွေ့အကြုံများဖြင့်ရောနှောကာ စာတမ်း(၃)စောင် ရေးရမှာဖြစ်ပါတယ်။
စာမျက်နှာ ၈၀-မှ၁၂၀ အတွင်းရှိ သုတေသနကျမ်းကို ကိုယ်တိုင်ပြုစုပြီး တင်ပြပေးရမှာ
ဖြစ်ပါတယ်။
(၂) မဟာဒသနဘွဲ့ ရရှိပြီးပါက
ပါရဂူဘွဲ့ကို ဆက်လက်တက်ရောက်လိုပါလျှင် မဟာဒသနဘွဲ့ အတွက် တင်ခဲ့တဲ့
သုတေသနပြုကျမ်းကို ၃-အုပ် မိတ္တူကူးပြီး ပါရဂူဘွဲ့ယူရန် တင်ပြရမှဖြစ်ပါတယ်။
တက္ကသိုလ်ကောင်စီမှ စိစစ်ဝေဖန်ပြီးမှ ပါရဂူဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။
မြန်မာပြည်ဆိုင်ရာA.R.Pကျောင်းသားများကို လက်ခံခြင်း လိုအပ်သော စာရွက်စာတမ်းများကို
ပေးခြင်း၊ ဖြေဆိုထားသော အဖြေလွှာများကို မူလကျောင်း(အိန္ဒိယ)သို့ပေးပို့ခြင်း၊
စာမေးပွဲအောင် မြင်သွားသူများအတွက် အိန္ဒိယ နိုင်ငံမှ အောင်လက်မှတ်များကို
ကိုယ်တိုင်ရယူ လက်ခံ၍ ကျောင်းသားများကို ပြန်လည်ပေးဝေခြင်း၊ မြန်မာ
ပြည်ဆိုင်ရာA.R.P ကျောင်းမှ သင်ကြားပြီးစီးအောင် မြင်သူများကို
ဂုဏ်ပြုခြင်းမြှင့်ခြင်းတို့ကို ဆောင်ရွက် ပေးပါတယ်။
သင်တန်းတက်ရောက်မည့်
ကျောင်းသား အသစ်များသည် ဘွဲ့အစဉ်အလိုက် (တစ်ဘွဲ့ပြီး တစ်ဘွဲ့) တက်ရောက်သင်ကြားရမှာ
ဖြစ်ပါတယ်။
နက္ခတ်ဗေဒင်ဆိုင်ရာ
ဘွဲ့လိုချင်သူများ၊ ဗေဒင်ပညာကို အဆင့်တန်းမြင့်မြင့် တတ်သိလိုပါ လျှင်
ဖြစ်ချင်တဲ့အဆင့်ကို ဖြစ်အောင်၊ လုပ်ချင်တဲ့ အဆင့်အတန်းကို လုပ်ဖြစ်အောင်
အကျိုးဆောင် အကူအညီပေးလျှက်ရှိပါသည်။ နေ့စဉ် နေ့လယ်(၁) နာရီမှ ညနေ(၅)နာရီအတွင်း
အောက်ပါလိပ်စာတွင် လာရောက်လေ့လာနိုင်ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ASTROLOGICAL
RESEARCE PROJECT (A.R.P)
အမှတ်(25)၊မြေညီထပ်၊၁၄၀-လမ်း၊
မအူကုန်းရပ်ကွက်၊ ရန်ကုန်မြို့။






0 comments:
Post a Comment